Pages

Pages

ပျော်ဘွယ်မြို့တွင်ပုဂ္ဂလိကလုပ်ငန်းရှင်များမှ အခြေခံလူတန်းစားများအား ဆန်၊ ဆီ၊ ဆား လှူဒါန်း

 


MNP - ဩဂုတ်   ၃၀


ပျော်ဘွယ်မြို့ပေါ်ရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ အခြေခံလူတန်းစားများ တစ်ဘက်တစ်လမ်းမှ အထောက်အကူရရှိစေရန်အတွက် ဆန်၊ ဆီ၊ ဆား လှူဒါန်းခြင်းကို ယနေ့နံနက် (၁၁)နာရီမှစတင်ကာ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။


ဆန်၊ ဆီ၊ ဆား လှူဒါန်းဖြန့်ဝေနိုင်ရန်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမျိုးမြင့်မြတ်က “ကျွန်တော်အနေနဲ့ ဆန်၊ ဆီ၊ ဆား လှူဒါန်းဖြန့်ဝေဖို့ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ အခြေခံလူတန်းစား စာရင်းကိုရယူပြီး လှူဒါန်းတာဖြစ်ပါတယ်၊ အိမ်ထောင်စုတစ်ခုကို ဆန်(၃)ပြည်၊ ဆီ(၅၅)ကျပ်သား၊ ဆား(၂၅) ကျပ်သားနှုန်းနဲ့ လှူဒါန်းပေးနေတာဖြစ်ပါတယ်” ဟု ရှင်းပြသည်။


အဆိုပါလှူဒါန်းမှုတွင် မြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစားအိမ်ထောင်စုပေါင်း (၁၁၅၀)အတွက် လှူဒါန်းပေးသွားမည်ဖြစ်ပြီး အခြားပုဂ္ဂလိကအလှူရှင်များကလည်း တစ်ပိုင်တစ်နိုင်လှူဒါန်းပေးနေသူများလည်းရှိကြောင်း သိရသည်။


သတင်း - မင်းမင်းထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment