Pages

Pages

စစ်တွေ မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်




MNP ၊  သြဂုတ် ၂၆

ရခိုင်ပြည်နယ်၊ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ ကြီးကြပ်မှုဖြင့်  စစ်တွေမြို့အတွင်း  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှု မရှိစေရေး အသိပညာပေးခြင်းနှင့် စစ်ဆေးဆောင်ရွက်ခြင်းများကို ယမန်နေ့က စတင်၍ စစ်တွေ မြို့ မေယုလမ်းမကြီး တစ်လျှောက်နှင့်  လူစည်ကားရာ မီးပွိုင့်လမ်းဆုံများတွင် ဆောင်ရွက်ခဲ့သည်။


ထိုသို့ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်းည်းကမ်း အသိပညာပေးခြင်းနှင့် ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများ  ဆောင်ရွက်ရာတွင် စစ်တွေခရိုင်ရဲတပ်ဖွဲ့မှုးဒုတိယရဲမှူးကြီး လှဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊အမှတ် (၅) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံး၊  ပြည်နယ် ကုန်လမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာန မှ ဝန်ထမ်းများနယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များမှ ပူးပေါင်းအင်အား (၂၅  )ဦး ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


ရခိုင်ပြည်နယ် စစ်တွေမြို့အတွင်း  ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းည်းလိုက်နာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်  ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး အသိပညာပေးခြင်းလုပ်ငန်းများကို သြဂုတ် ၂၅ ရက်မှ စတင်၍ နေ့စဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment