ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်များပုံမှန်ထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်များပုံမှန်ထုတ်ပေး

 



MNP - ဩဂုတ်   ၂၃


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ပင်စင်စားများအား ပင်စင်လစာများကို ယမန်နေ့နံနက်ပိုင်းက  စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များနှင့်အညီ   လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက်  ရပ်ကွက်/ကျေးရွာများအား နေ့အလိုက် သတ်မှတ်ပေးထားခြင်း၊  ပင်စင်စားဝန်ထမ်းများ သက်တောင့်သက်သာ အနားယူနေနိုင်ရန်  အမိုးအကာများ ထားရှိပေးထားခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာအဝေးတွင် ထိုင်ခုံများ ထားရှိပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေးရန် ဆပ်ပြာနှင့် လက်ဆေးဘေစင် ထားရှိဆောင်ရွက်ထားခြင်း စသည်တို့ကို မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများက စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


“ဒီကနေ့ပင်စင်စထုတ်တဲ့ရက်မှာ ပင်စင်စား (၄၇၂)ဦးအား ထုတ်ပေးခဲ့ပြီး ငွေပမာဏအနေဖြင့် ကျပ် (၄၇၃၀၉၃၆၉.၂၃)ရှိပြီး နောက်ရက်တွေမှာလည်း ဆက်လက်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်”လို့ ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ က ပြောကြားသည်။ 


သတင်း - အိသန္တာချို 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)