Pages

Pages

ငပုတော မြို့နယ်တွင် အသက်(၂)နှစ်အောက်ရှိ က‌‌လေးနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းနားကျင်းပ

 



MNP - ဩဂုတ်  ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဟင်းအိုးချောင်း အုပ်စု ရေငံ-သရက်ကုန်း ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် အသက် (၂) နှစ်အောက်ရှိ ကလေးနှင့် ကိုယ်ဝန်ဆောင် မိခင်များအား အဟာရ မျှတစွာစားသုံးနိုင်ရေး ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ အခမ်းအနား တွင်ဟင်းချောင်း အုပ်စု အုပ်ချုပ်ရေးမှူး မန်းကျော်သက် ရပ်မိ/ရပ်ဖ မန်းဆန်းကျော် ငပုတောမြို့နယ် ကြက်ခြေနီအသင်း(ခွဲ) ဖြစ်သောဟင်းအိုးချောင်း ကျေးရွာအုပ်စု ကြက်ခြေနီတပ်ဖွဲ့ဝင် စောတင်ဦးတို့မှ တက်ရောက် အမှာစကားပြောကြား ခဲ့ကြပြီး  အခမ်းအနားကို ဆက်လက်ရွက်ခဲ့ကြသည်။ ၎င်းကဲ့သို့ အသက် (၂) နှစ်အောက်ရှိ ကလေးနှင့် ကိုယ်ဝန်ဆောင် မိခင်များအားထောက်ပံ့ ငွေပေးရခြင်းမှာ နိုင်ငံတော်မှ စီမံ ဆောင်ရွက်လျက်ရှိသော အသက် (၂)နှစ်အောက်ရှိ ကလေးများလိုအပ်သော အဟာရ အစာအုပ်စု ပြည့်မှီစွာ စာသုံးနိုင်ရေး ကိုယ်ဝန်ဆောင် မိခင်များ လိုအပ်သော အဟာရ ဖြည့်စွက်စာ စားသုံးနိုင်ရေးကို ရည်ရွယ် ထောက်ပံ့ပေးခြင်းဖြစ်သည်။


အသက် (၂) နှစ်အောက်ရှိ ကလေးနှင့် မိခင်များအားထောက်ပံ့ ငွေပေးအပ်ခြင်းကို အုပ်စု အုပ်ချုပ်ရေးမှူး မန်းကျော်သက်၊ အပိုင် နယ်မြေကျန်းမာရေး ဆရာမ နန့်နွယ်နီဝင်းနှင့် အုပ်စုစာရေး အုပ်စု ကြက်ခြေနီ တပ်ဖွဲ့ဝင်တို့မှ ပြည်သူများ၏ လက်ဝယ် အရောက် အသီးအသီး ပေးအပ်ခဲ့ကြသည်။


ဟင်းအိုးချောင်း အုပ်စုအတွင်း ရသင့်ရထိုက် ခံစားခွင့်ရှိသူ ဦးရေ အသက်(၂) နှစ်အောက်ရှိ ကလေး (၅၅) ဦးနှင့် ကိုယ်ဝန်ဆောင် မိခင် (၂၈) စုစုပေါင်း (၈၃) ဦးတို့အား  ထောက်ပံ့ငွေ  ကျပ်-၃၃၀၀၀၀၀/(ကျပ်သုံးဆယ် သုံးသိန်းတိတိ )ကိုထောက်ပံ့ပေးအပ်ခဲ့ပြီး  ငပုတောမြို့နယ် ကြက်ခြေနီ အသင်း (ခွဲ) ဟင်းအိုးချောင်းအုပ်စု ကြက်ခြေနီ တပ်ဖွဲဝင် (၂)ဦးတို့မှ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment