Pages

Pages

ကျွန်းလှ၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး



MNP - ဩဂုတ်   ၂၉


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)၌ ထိုးနှံပေးကြောင်း သိရသည်။


ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ယနေ့ အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူ (၂၂) ဦးအား Myancopharm ဆေးနှင့် အသက် ၁၂နှစ် မှ ၁၈ နှစ်ကြား ကျောင်းသား၊ ကျောင်းသူ (၂၃) ဦးအား Sinopharm ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ ပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ ထိုးနှံပေးကြကြောင်း သိရသည်။


သတင်း - မျိုးဝင်းညို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment