မောင်တောမြို့၌ ကျောင်းနေပြင်ပ အသက်(၅)နှစ် နှင့် (၁၅)နှစ်အတွင်းရှိ ကျောင်းနေပြင်ပ ကလေးသူငယ် ၁၈၆၆ ဦးအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မောင်တောမြို့၌ ကျောင်းနေပြင်ပ အသက်(၅)နှစ် နှင့် (၁၅)နှစ်အတွင်းရှိ ကျောင်းနေပြင်ပ ကလေးသူငယ် ၁၈၆၆ ဦးအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်




MNP ၊  ဩဂုတ်  ၂၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကျောင်းနေပြင်ပ အသက်(၅)နှစ် နှင့် (၁၅)နှစ်အတွင်းရှိ  ကလေးသူငယ်များအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဩဂုတ် ၂၂ ရက်နေ့ နံနက်ပိုင်းက သတ် မှတ် စုရပ်နေရာ များတွင် ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေး ဝန်ထမ်း များက လာရောက် ထိုးနှံသည့် အသက်(၅)နှစ် နှင့် (၁၅)နှစ်အတွင်းရှိ ကျောင်းနေပြင်ပ ကလေးသူငယ်များအား ကိုယ် အပူချိန် တိုင်းတာ ခြင်း၊ သွေး ပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေး ခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် ကလေးသူငယ်များကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ် ဆေး ထိုးနှံ နေမှုများအား  ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ် ရေး မှူး များ နှင့် တာ ဝန်ရှိသူ များ က ကူညီ ဆောင်ရွက်ပေး လျှက်ရှိသည်။ 

မောင်တောမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရမည့် အသက်(၅)နှစ် နှင့် (၁၅)နှစ်အတွင်းရှိ ကျောင်းနေပြင်ပ ကလေးသူငယ်များအား(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းကို ဩဂုတ် ၂၂ ရက်နေ့ နံနက်ပိုင်းက ကလေး သူငယ် ၂၈၇ ဦး အား ဆက်လက် ထိုးနှံပေးခဲ့ပြီး  ဩဂုတ် ၂၂ ရက်နေ့ထိ အသက်(၅)နှစ် နှင့် (၁၅)နှစ်အတွင်းရှိ ကျောင်းနေပြင်ပ ကလေးသူငယ်  ၁၈၈၆ ဦးအား ကျန်းမာ ရေး ဝန်ကြီး ဌာန ၏ လမ်းညွှန် ချက်များ နှင့် အညီ ထိုးနှံ ပေးပြီး ဖြစ် ကြောင်း သိရသည်။ 


အောင်ကျော်စိန် ၊ သက်လွင်စိုး 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)