Pages

Pages

ပုဏ္ဏားကျွန်းမြို့၌ နိုင်ငံ့ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သုံးကြိမ်ဆက်တိုက်ထိုးနှံပြီးစီးသူများအား စတုတ္ထအကြိမ် ဆက်လက်ထိုးနှံပေး





MNP ၊ သြဂုတ် ၂၅

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ  နိုင်ငံ့ဝန်ထမ်းများကို  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(၃)ကြိမ်ဆက်တိုက်ထိုးနှံပြီးစီးသူများအား စတုတ္ထအကြိမ်အဖြစ် ဆက်လက် ထိုးနှံပေးခြင်းကို  ယနေ့၊ နံနက်(၁၀)နာရီက ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်  ဘုရားကြီးသိမ်တော်၌ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးလှရွှေ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်စစ်ထွန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက  စတုတ္ထအကြိမ်အဖြစ်  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို ကာကွယ်ဆေးမထိုးနှံမှီ ကိုယ်အပူရှိန်တိုင်းတာခြင်း၊သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးဝန်ကြီးဌာန၏  ကိုဗစ်-၁၉ ကာကွယ်ရေး  ညွှန်ကြားချက်များနှင့်အညီ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့်အဖွဲ့ဝင်များလာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment