Pages

Pages

သရက်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

 



MNP - ဩဂုတ်   ၂၄


မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းသား၊ ကျောင်းသူများ စာရိတ္တကောင်းမွန်ရေး၊ အလေ့အကျင့်ကောင်းများရရှိရေး၊ အားကစားစိတ်ဓာတ် မြင့်မားရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်စေရေးတို့အတွက် ရည်ရွယ်၍ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(သရက်)နှင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၊ ဆရာဖြေခန်းမတွင်ကျင်းပခဲ့သည်။


ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာကျော်စံဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက “ဗလငါးတန်ပြည့်စုံဖို့ စာဖတ်ကြပါစို့”၊ Book Club ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက “လူငယ်နှင့် စာပေ”၊ ဆရာမကြီး ဒေါ်စန်းစန်းဌေးက “လူငယ်နှင့် အားကစားစိတ်ဓာတ်”၊ ဆရာကြီး ဦးအောင်မြင့်က “ဆရာတပည့် ဆက်ဆံရေး” ခေါင်းစဉ်များဖြင့် အသီးသီး အသိပညာပေး ဟောပြောခဲ့သည်။


ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်၊ လူရွယ်များ ဖတ်မှတ် လေ့လာသင့်သည့် စာအုပ်၊ စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment