Pages

Pages

ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆက်လက်ဆောင်ရွက်



MNP - သြဂုတ်   ၂၇


ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ (Healthy Life Styles) သိရှိကျင့်သုံးစွဲမြဲစေပြီး ကျန်းမာရေး အဆင့်အတန်း မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ဩဂုတ်လရောက်တိုင်း သတ်မှတ်ဆောင်ရွက်လျက်ရာ အုတ်ဖိုမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ယမန်နေ့က အုတ်ဖိုမြို့နယ်၊  အ.ထ.က (ခွဲ)လွှစင်တွင် အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်ရာတွင် အုတ်ဖိုမြို့နယ်၊  မြို့နယ်ကုသရေးဦးစီးဌာနမှ သွားကျန်းမာရေးဆရာဝန် ဒေါက်တာပြည်မိုးအောင် ဦးဆောင်သော ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ များအား အသိပညာပေး ဟောပြောခြင်းနှင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုများ၊ သံချဆေး မတိုက်ကျွေးရသော ကလေးငယ်များအားတိုက်ကျွေးခြင်း၊ ကလေးငယ်များအား သွားတိုက်ဆေးများ ပေးဝေခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment