Pages

Pages

ပေါင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် နေအိမ်အချို့ပစ္စည်းဆုံးရှံးခဲ့မှုအပေါ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများနှင့် ထောက်ပံ့ရေးပစ္စည်းများပေးအပ်






MNP ၊  ဩဂုတ်   ၁၈   

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်ယနေ့ နေ့လယ်တွင် ပေါင်မြို့နယ် အတွင်းရှိ ဝဲပတန်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုနှင့် ဒရိန်းကျေးရွာတွင် ရေကြီးရေလျှံမှုတို့ကြောင့် နေအိမ်အချို့ပစ္စည်းဆုံးရှံးခဲ့မှုအပေါ် ဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။


အဆိုပါထောက်ပံ့ပေးအပ်ပွဲသို့၊ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် သက်ဆိုင်ရာဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်အဆင့်သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။


 ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေးသင့် ပြည်သူများအတွက် ကူညီထောက်ပံ့ပေးရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးနှင့် အရေးပေါ်တုန့်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို အချိန်နှင့်တပြေးညီဆောင်ရွက်ကြရမည်ဖြစ်ပါ‌ကြောင်းပြောကြားပြီး ထောက်ပံ့ငွေများနှင့် ထောက်ပံ့ရေးပစ္စည်းများအား   အသီးသီးပေးအပ်ခဲ့ကြပြီး လေဘေးသင့် ပြည်သူများ ကိုယ်စား ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment