Pages

Pages

သီပေါမြို့နယ် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများဆောင်ရွက်




MNP - ဩဂုတ်  ၁၉


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုအဖြစ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါအဖွဲ့သည်  ကျောင်းသား၊ ကျောင်းသူများကိုသွားတိုက်ခြင်းသရုပ်ပြသခြင်း၊ လက်ဆေးခြင်း သရုပ်ပြသခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာအောင် အာဟာရပြည့်ဝစွာ နေထိုင်စားသောက်နည်းများ စသည့်ကျန်းမာရေးဆိုင်ရာအသိပညာများကို  ရှင်းလင်းဟောပြောပေးခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများ အားလုံးကို တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ အသက်(၅) နှစ် မှ(၉)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား  ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်ရှိနေသောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်‌ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


သတင်း - ခင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment