Pages

Pages

စဉ့်ကိုင်မြို့နယ်၌ သဘာဝရေပြင်ဖြစ်သော စွန်ရဲအင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

 


MNP - သြဂုတ်  ၁၀


စိုက်ပျိုးရေး  မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စွန်ရဲကျေးရွာအုပ်စု၊ ကျောက်ကုန်းကျေးရွာအတွင်းရှိ  သဘာဝရေပြင်ဖြစ်သောစွန်ရဲအင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်း အနားကို ယမန်နေ့ နံနက် (၈)နာရီအချိန်ကကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ကြီးဇော်နိုင်ဦး၊ အဖွဲ့ဝင်(၂)ဦးအောင်သူ၊ စဉ့်ကိုင်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ အဖွဲ့ဝင်ဦးရွှေခိုင်၊ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသံချောင်းနှင့် အဖွဲ့ဝင်များ၊  ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှ   စခန်းတာဝန်ခံဒေါ်ခိုင်ခိုင်ဝင်းနှင့် ဝန်ထမ်းများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေ မှူးဦးကျော်ကျော်လင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ နတ်ရေကန်ငါးလုပ်ငန်း စခန်းတာဝန်ခံ ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများ၊ ကူမဲငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးစောအောင် ကိုလတ်နှင့်ဝန်ထမ်းများက ငါးမြစ်ချင်းလေး သိန်းငါးသောင်း၊ ငါးခုံးမတစ်သိန်းငါးသောင်း၊ စုစုပေါင်း ခြောက်သိန်းငါးမျိုးများကို စွန်ရဲအင်းအတွင်း  စိုထ်ထည့်ပေးခဲ့ကြသည်။


ငါးမျိုးများစိုက်ထည့်ပေးခြင်းဖြင့်ပြည်သူများ ငါးစားသုံးမှုဖူလုံစေရေး၊  သဘာဝအတိုင်းငါးမျိုးပေါက် ဖွားစေရန်ရည်ရွယ်ပြီး စိုက်ထည့်ပေးခြင်းဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ငါးမျိုးသိန်းနှစ်ရာ့လေးဆယ်လျာထားပြီးယနေ့အထိ သိန်းခုနှစ်ဆယ်ပတ်ဝန်းကျင်စိုက်ထည့်ပေးပြီးဖြစ်ရာ ကူမဲငါးလုပ်ငန်းစခန်းအနေဖြင့် ယနေ့အထိ နှစ်ဆယ့်သုံးသိန်းထိ ငါးမျိုးများစိုက်ထည့်ပေးပြီးဖြစ်ကြောင်း   စခန်းတာဝန်ခံဦးစောအောင်ကိုလတ်ထံမှ သိရသည်။


သတင်း -  ဝင်းဝင်းသန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment