Pages

Pages

ကချင်ပြည်နယ်အဆင့် ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ




MNP - သြဂုတ်   ၉


၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ကချင်ပြည်နယ် အဆင့် ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေးအတွက် ကျင်းပရေး ဦးစီးကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ကြသည်။


အစည်းအဝေးတွင် ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအတိုင်း မြို့နယ်အဆင့် ပြိုင်ပွဲမှ တစ်ဆင့် ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ရွေးချယ်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြိုင်ပွဲကျင်းပရေး လိုအပ်သည့် အစီအမံများ၊ ပြိုင်ပွဲဝင်များအား ထိုက်တန်စွာဆုများချီးမြှင့်နိုင်ရေး၊ ဗဟိုအဆင့်ပြိုင်ပွဲအတွက် လူရွေးချယ်ရေး နှင့် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရေး ပြောကြားသည်။


ထို့နောက် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သဘင်အစည်းအရုံး တာဝန်ရှိသူများက ပြည်နယ်အဆင့် ပြိုင်ပွဲအတွက် မြို့နယ်ပြိုင်ပွဲများမှတစ်ဆင့် ပြိုင်ပွဲများအလိုက် ရွေးချယ်ယှဉ်ပြိုင် မည့်သူများ စာရင်းတိကျစွာ ကောက်ယူနိုင် ရေး၊ ပြည်နယ်အဆင့်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေး၊ ဆုချီးမြှင့်မည့် အစီအမံများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်များ ပါဝင်ဖွဲ့စည်းရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲမှ တစ်ဆင့် ဗဟိုအဆင့် ပြိုင်ပွဲအတွက် ဝါသနာရှင်အဆင့်၊ အဆင့်မြင့်ပညာ၊ အခြေခံပညာအဆင့်အလိုက် ပါဝင်ယှဉ်ပြိုင်မည့်သူများအား စနစ်တကျစိစစ် ရွေးချယ်စေလွှတ်နိုင်ရေးနှင့် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ ပံ့ပိုးကူညီပေး နိုင်ရေး၊ ကုန်ကျစရိတ်တွက်ချက်တင်ပြနိုင်ရေး စသည့်တို့ကို ဆပ်ကော်မတီအလိုက် အသီးသီးတင်ပြ ဆွေးနွေး ကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment