Pages

Pages

သထုံမြို့ ၊ နန်းခဲရပ်ကွက်၊ မြသပိတ်တောင်တတ်လမ်းဘေး ဝါးရုံတောထဲ၌ သေဆုံးနေသည့်အမျိုးသမီးတစ်ဦးအ‌လောင်းတွေ့ရှိ




MNP ၊  ဩဂုတ် ၃၀

မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက် မြသပိတ်ဘုရားတောင်တက်ကားလမ်း‌နံဘေး ဝါးရုံတောထဲ၌ ယနေ့နံနက်က သေဆုံးနေသည့် အသက်(၃၀) ခန့်ရှိ အမျိုးသမီးသမီးတစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။


ဖြစ်စဉ်မှာ ရွှေချောင်း(၃)လမ်း၊ နန်းခဲရပ်ကွက်နေသည့် အမျိုးသမီးတစ်ဦးမှာမြသပိတ်တောင်တက်လမ်း၌ မျှစ်ချိုးရန် သွားရောက်စဉ် အမျိုးသမီးတစ်ဦး၏ အလောင်းတွေ့ရှိသောကြောင့် ရာအိမ်မှူးထံ သတင်းပို့သဖြင့် ရာအိမ်မှူးမှတစ်ဆင့် ရဲစခန်းသို့ ဖုန်းဆက် သတင်းပို့ခဲ့ကြောင်း သတင်း‌ပေးပို့ချက်အရ သထုံမြို့မစခန်းမှူး ဒုရဲမှူး ကျော်မိုးဦးဆောင်သည့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ နန်းခဲရပ်ကွက်၊ မြသပိတ်တောင်တက် လမ်း၏ အနောက်ဘက် ကိုက်(၁၅၀)ခန့်ရှိ ဝါးရုံတောအတွင်း အမည်မသိ၊ အသက် (၃၀)ဝန်းကျင်ခန့်၊ အမျိုးသမီးအလောင်း(၁)လောင်း၊ လုံချည်အပြာရောင်၊ အင်္ကျီနီညိုရောင်ဝတ်ဆင်လျှက် ပက်လက်အနေအထားဖြင့် ပုတ်ပွလျှက် သေဆုံးနေသည်ကိုတွေ့ရှိရပြီး သေသူအား သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ အကြင်နာတွဲလက် လူမှုကူညီရေးအသင်း အရေးပေါ်ယာဉ်ဖြင့် ပေးပို့ခဲ့‌ကြောင်း သိရသည်။


ဖြစ်စဉ်တွင် အဆိုပါအမျိုးသမီး သေဆုံးခြင်းအား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် သထုံမြို့မရဲစခန်း၌ သေမှုသေခင်းရေးဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment