Pages

Pages

ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးမှု ၈၃•၃ ရာခိုင်နှုန်းပြီးစီး



MNP - သြဂုတ်   ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေလ ၁၆ ရက်နေ့မှ စတင်၍ ထုတ်ချေးပေးနေပြီဖြစ်ရာ သြဂုတ်လ၂၄ ရက်နေ့အထိ ကျေးရွာအုပ်စု (၇၀)မှ တောင်သူ(၃,၁၉၁)ဦး၏ လယ်ဧက (၂၃,၅၇၇)ဧကအတွက် စိုက်ပျိုးစရိတ် ကျပ်သိန်း (၃၅၃၆၅.၅)သိန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်သည်။


ကန်ကြီးထောင့်မြို့နယ်တွင်  မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရန်  တောင်သူ(၃,၈၅၀)ဦး၏ လယ်ဧက (၂၈,၃၄၀)အတွက် ချေးငွေကျပ်သိန်း (၄၂,၅၁၀) ထုတ်ချေးရန်လျာထားချက် ထားရှိပြီးသဖြင့် သြဂုတ်လ ၂၄ ရက်နေ့ အထိ  ထုတ်ချေးပြီးစီးမှု ရာခိုင်နှုံး  ၈၃•၁၉ ဖြစ်ကြောင်းသိရှိရသည်။


ကန်ကြီးထောင့်မြို့နယ်အနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရန် ကျန်လယ်သမားများအား စက်တင်ဘာလကုန်အထိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - မဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment