Pages

Pages

တောင်သာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သောအဖွဲ့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ



MNP - ဩဂုတ်   ၂၅


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့်ဒေသဖွံ့ဖြိုးရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  ဦးဆောင်၍   မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က နန်းတည်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲအတွင်း၌ တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရနှင့်အဖွဲ့ဝင်များ ဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့သည် နန်းတည်ကျေးရွာသို့သွားရောက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက အမှာစကား ပြောကြားပြီးနောက် ဌာနဆိုင်ရာအကြီးအကဲများမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး ဒေသခံပြည်သူများမှ ကျေးရွာလိုအပ်ချက်များ တင်ပြဆွေးနွေးရာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သော ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများ ဆွေးနွေးခဲ့သည့်အပြင် ပြည်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း  သိရသည်။


သတင်း - ကျော်မျိုးနိုင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment