Pages

Pages

ညောင်တုန်းမြို့နယ်တွင် အဘိဓမ္မာ၊ ဝိသုဒ္ဓိမင်္ဂသင်တန်းဖွင့်ပွဲနှင့် စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ



MNP - ဩဂုတ်   ၂၂

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အဘိဓမ္မာ၊ ဝိသုဒ္ဓိမင်္ဂသင်တန်းဖွင့်ပွဲနှင့် စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က သာသနာလင်္ကာရကျောင်းကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားကို နမောတသ(၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်၍ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က အဖွင့်ဩဝါဒမိန့်ကြားတော်မူပြီး သင်တန်းမှူးဆရာတော် ဘဒ္ဒန္တကုဏ္ဍလ သာမိကသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ သင်တန်းသားလက်ခံခြင်း၊ သင်တန်းပို့ချ မည့် အစီအစဉ်များကို မိန့်ကြားခဲ့သည်။


ထို့နောက် မြို့နယ်သာသနာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦထွန်းနိုင်က သာသနာ‌ရေး ဆိုင်ရာကိစ္စရပ်များနှင့် သင်တန်းကိစ္စရပ်များကို တင်ပြလျှောက်ထားပြီး စာအောင်ဆုနှင်း သဘင်အခမ်းအနားကို ကျင်းပရာ ၁၃၈၃ ခုနှစ်၊ အဘိဓမ္မာ၊ ဝိသုဒ္ဓိမင်္ဂစာမေးပွဲတွင် နိုင်ငံတော်အဆင့် အောင်မြင်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူ များအား တာဝန်ရှိသူများက အောင်လက်မှတ်နှင့် ဆုများချီးမြှင့်၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment