Pages

Pages

မြောင်းမြမြို့၌ ဆန်စက်ပိုင်ရှင်များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်နှင့်ကြက်ဥများ ထောက်ပံ့လှူဒါန်း



MNP - သြဂုတ်   ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှု့ဖြင့် မြောင်းမြမြို့ရှိ ဆန်စက်ပိုင်ရှင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြောင်းမြမြို့နယ်အတွင်းရှိအခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်နှင့်ကြက်ဥများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နေ့လယ် (၁) နာရီမှ စတင်၍ ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တို့တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


အဆိုပါ လှူဒါန်းမှုတွင် မြို့ပေါ်ရပ်ကွက်(၁၆)ရပ်ကွက်ရှိ အခြေခံလူတန်းစား  အိမ်ထောင်စုတစ်စုလျှင် ဆန် (၃) ပြည်နှင့် ကြက်ဥများ ထောက်ပံ့လှူဒါန်းပေးခဲ့သည်။


ထိုသို့လှူဒါန်းပေးမှုတွင် ယနေ့မှစ၍ ရပ်ကွက်အလိုက် အလှည့်ကျလှူဒါန်းခြင်းဖြစ်၍ ကျန်ရှိနေသော ရပ်ကွက်များအား ဒုတိယနေ့ (၂၈-၈-၂၀၂၂) ရက်နေ့နံနက်ပိုင်းမှစ၍ ဆက်လက် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။


ယခုလှူဒါန်းမှုတွင် မြောင်းမြမြို့ပေါ်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၅၃၀၀ ကျော်ကို လှူဒါန်းပေး သွားမည်ဖြစ်ကြောင်းသိရပြီး၊ အလှူရှင်များ ထပ်မံရရှိလာပါကလည်း ယခုကဲ့သို့ ဆက်လက် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment