Pages

Pages

သံဃာတော်များအား နေ့ဆွမ်းကပ် လှူဒါန်းခြင်း နှင့် ဒီဃာယုကအဘယဒါန ရဟန်းရှင်လူ အခမဲ့ ဆေးခန်းအတွက် ဆေးပဒေသာပင် ကျပ်သိန်း (၁၀၀) ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

 


MNP - ဩဂုတ်   ၂၉


ချမ်းမြသာစည်မြို့နယ်၊ အသောကရာမတိုက်ရှိ ပရိယတ္တိသာသနပါလဗိမာန်တော်ကြီးတွင် ယမန်နေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် ဇနီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်ရွှေဥတို့မှ အာသောကရာမ တိုက်အတွင်းရှိ ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်များအား နေ့ဆွမ်းကပ် လှူဒါန်းခြင်းနှင့် ဒီဃာယုကအဘယဒါန ရဟန်းရှင် လူအခမဲ့ဆေးခန်းအတွက် ဆေးပဒေသာပင် ကျပ်သိန်း (၁၀၀) ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။


အခမ်းအနားတွင်တက်ရောက်လာကြသူများက သိမ်ကျောင်းဆရာတော် ဘဒ္ဒန္တပညိန္ဒထံမှ ငါးပါးသီလခံယူခြင်းနှင့်ဆရာတော်များရွတ်ဖတ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်မှ လှူဒါန်းရခြင်းအကြောင်းအား လျှောက်ထားပြီး‌နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့မှ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။   ဆက်လက်ပြီး ဒီဃာယုကအဘယဒါန ရဟန်းရှင်လူ အခမဲ့ဆေးခန်းအတွက် ဆေးပဒေသာပင်ကျပ်သိန်း (၁၀၀) အား ပေးအပ်လှူဒါန်းရာ ဆေးခန်းတာဝန်ခံ ဒေါက်တာလွင်ကိုမှ လက်ခံရယူခဲ့သည်။ ထို့နောက် သိမ်ကျောင်းဆရာတော် ဘဒ္ဒန္တပညိန္ဒထံမှလှူဒါန်းအစုစုအတွက် ရေစက်ချတရားနာယူခြင်းများ ပြုလုပ်ခဲ့ကြသည်။ 


အခမ်းအနားသို့ ဝန်ကြီးချုပ်နှင့် ဇနီး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ လူမှုရေးဝန်ကြီး ဦးယဉ်ထွေး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး  ရဲမှူးချုပ်စိန်လွင်(တိုင်းရဲတပ်ဖွဲ့မှူး)တိုင်းဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းသာသနာရေးမှူး ဦးကျော်လှိုင်နှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ခင်စိမ်းဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment