Pages

Pages

ဘီးလင်းမြို့ အထက(ကန်သာယာ) ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော




MNP ၊ သြဂုတ် ၂၉

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အထက (ကန်သာယာ) ကျောင်း၏ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ၂ နာရီက အဆိုပါကျောင်း  မဟော်သဓာခန်းမ၌ကျင်းပ ပြုသည်။


ဟောပြောပွဲတွင် အထက (ကန်သာယာ)ကျောင်းမှ ကျောင်းအုပ်ဆရာ ကြီး ဦးဝင်းသူက လူကုန်ကူးမှု၏အဓိပ္ပါယ်နှင့် လူကုန်ကူးမှုတိုက်ဖျက် ရေးနေ့ ပေါ်ပေါက်လာပုံကိုလည်းကောင်း၊  လူကုန်ကူး ခံရမှုဖြစ်ပေါ် စေတဲ့အခြေခံ အကြောင်းရင်းများ၊ လူကုန်ကူးမှုကို ဖြစ်စေတတ်သော အင်္ဂါရပ်များနှင့် လူကုန်ကူးသူများအား အရေးယူနိုင်သည့် ပြစ်ဒဏ်များ ကို ရှင်းလင်းဟောပြောခဲ့သည်။


ယင်းနောက် လူကုန်ကူးမှု အသိပညာပေး တစ်ခန်းရပ်ပြဇာတ် ကို ကျောင်းသား၊ ကျောင်းသူလေးများက လက်တွေ့သရုပ်ပြသခဲ့ကြပြီး လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင် ပြသခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment