Pages

Pages

ပေါင်းတည်မြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲ ကျင်းပ



MNP - သြဂုတ်   ၃၀


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက်က ပေါင်းတည်အ.ထ.ကကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးယာဂျူးက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ကျန်းမာရေးဦးစီးဌာန သင်တန်းနည်းပြများမှ ကျောင်းကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းပါ အကြောင်းအရာများဖြစ်သည့် ကျောင်းသား၏ ကိုယ်ရေးအချက်အလက်များ၊ ရောဂါရာဇဝင်နှင့် ကာကွယ်ဆေးထိုးနှံထားခြင်း ရာဇဝင်၊ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံမှု အခြေအနေ၊ အာဟာရနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အခြေအနေနှင့် ကျန်းမာရေး စစ်ဆေးတွေ့ရှိချက် အခြေအနေများကို အသေးစိတ် ဆွေးနွေးခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲသို့ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများနှင့်ဆရာ ဆရာမ ၁၂၀ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးဆင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment