Pages

Pages

မိုင်းလုံမြို့ဆုတောင်းပြည့်ဘုန်းကြီးကျောင်းတွင် ဝါလယ်ဥပုဒ်ထွက် ဆွမ်းကပ်တရားနာ အခမ်းအနားဆောင်ရွက်



MNP- ဩဂုတ်   ၂၆


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းတွင် မိုင်းလုံမြို့မ အသင်းသူ/အသင်းသားများ၏ ဝါလယ်ဥပုဒ်ထွက် ဆွမ်းကပ်တရားနာပွဲကို ယနေ့ နံနက် (၇)နာရီအချိန်ခန့် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ  နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ကာ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ဌာနဆိုင်ရာလူကြီးများ၊ မြို့မိမြို့ဖများ၊ဥပုဒ်သည်များနှင့် မိုင်းလုံမြို့မ အသင်းသူ၊ အသင်းသားများက  ဆုတောင်းပြည့်ဆရာတော် ဦးပညာဘောဂထံမှ ရှစ်ပါးသီလခံယူကာ ဆရာတော်မှ ဟောကြားသော တရားတော်ကိုခံယူကာ   လှူဒါန်းမှုအစုစုကို ဆရာတော်က ရေစက်ချတရားတော်များ ချီးမြှင့်တော်မူ၍ ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အောင်မြင်စွာကျင်းပခဲ့သည်။


ပြီးနောက် တက်ရောက်လာသော ဌာနဆိုင်ရာလူကြီးများ၊ မြို့မိမြို့ဖများနှင့်ဥပုဒ်သည်တို့ကို ထမင်း၊ ဟင်းများ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။


သတင်း - ဇော်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment