Pages

Pages

ဟင်္သာတမြို့နယ်တွင် ကျောင်းသားလူငယ်များ ဉာဏစွမ်းရည် မြှင့်မားစေရန် ပြိုင်ပွဲများ ကျင်းပ

 

MNP - သြဂုတ်   ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနနှင့် မြို့နယ်ပညာရေးဋ္ဌာနတို့ ပူးပေါင်း၍ ဉာဏစွမ်းရည် ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်ပြန်ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဋ္ဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။


စွမ်းရည်ပြိုင်ပွဲတွင် ဟင်္သာတခရိုင်ပြန်ဆက်ဦးစီးဋ္ဌာန လက်ထောက်ညွှန်ကြားရေမှူး ဒေါ်ခင်စန္ဒာဆွေက ယခုလို ဉာဏ်စွမ်းပြိုင်ပွဲများ ကစားခြင်းသည် ဦးနှောက်နှင့် ကိုယ်ပိုင်ဉာဏ်ကို မြင့်မားစေပြီး နည်းစနစ်တကျ တွေးခေါ်မြော်မြင်မှု စွမ်းရည်များကိုလည်း များစွာ အထောက်အကူပြုမှာ ဖြစ်ကြောင်း ကျောင်းသားကျောင်းသူများ လူငယ်မောင်မယ်များ အနေဖြင့် ပြိုင်ပွဲအတွေ့အကြုံကို ရရှိစေရန်အတွက် ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါပြိုင်ပွဲကို ပြန်ဆက်ဦးစီးဋ္ဌာနမှ တာဝန်ရှိသူများက ကြီးကြပ်၍ အ.ထ.က(၁)ကျောင်းမှ ကျောင်းသားကျောင်းသူ ၁၅ ဦးတို့က ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment