Pages

Pages

ပုဏ္ဏားကျွန်းမြို့ စက်မှုလက်မှုသင်တန်းကျောင်း၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ





MNP ၊ သြဂုတ် ၂၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုသင်တန်းကျောင်း၌ လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ ညနေပိုင်းက အဆိုပါစက်မှုလက်မှုသင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။


ဟောပြောပွဲတွင်  နယ်စပ်ရေးရာဝန်ကြီးဌာန၊  ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုသင်တန်ကျောင်းအုပ် (တာဝန်ခံ)ဒုတိယကျောင်းအုပ်  ဦးအောင်သန်းက  အဖွင့်အမှာစကားများပြောကြားပေးပြီး၊ မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ဌေးက လူငယ်များအနေဖြင့် စက်မှုလက်မှုအတတ်ပညာနှင့်အားကစားကဏ္ဍကို လေ့လာလိုက်စားကြရေး၊ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး၊ ဉာဏ်ပညာထက်မြက်စေရေးအတွက် အားကစားနည်းများကို  အားလပ်ချိန်များတွင်  အကျိုးရှိရှိ အသုံးချကြစေရေးနှင့် အားကစားကဏ္ဍဆိုင်ရာ အသိပညာဗဟုသုတတို့ကို ဆွေးနွေးပြောကြားခဲ့သည်။


အဆိုပါဟောပြောပွဲသို့  ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊    စက်မှု လက်မှု  လူငယ်သင်တန်းကျောင်းမှ  တာဝန်ရှိသူများနှင့်  သင်တန်းသားလူငယ်(၅၀)ဦး တက်ရောက်ခဲ့ကြပြီး၊ တိုင်းဒေသကြီး/ပြည်နယ်လက်ရွေးစင် တိုက်ကွမ်ဒို အားကစားမားတစ်ဦးမှ အားကစားနည်း စနစ်များအား သရုပ်ပြသခြင်းနှင့်ဘောလုံးကစားသမားတစ်ဦးမှ အကြောလျှော့နည်းတို့ကို လေ့ကျင့်သရုပ်ပြသပေးကာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ဌေးမှ  စက်မှုလက်မှု လူငယ်သင်တန်းကျောင်းအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment