Pages

Pages

ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကျင်းပ




MNP ၊ ဩဂုတ် ၂၄

ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ စုပေါင်း အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဦးစီးဌာနအသီးသီးအနေဖြင့် ကုန်သွယ်မှုတိုးမြှင့်ရေး၊ ဘာသာရပ်နှင့် နည်းပညာဆိုင်ရာများကို တတ်သိနားလည်ကျွမ်းကျင်စွာဖြင့် တာဝန်ထမ်းဆောင်နိုင်ရေးနှင့် ဝန်ကြီးဌာန၏ဂုဏ်ကို မြှင့်တင်ရေးတို့နှင့်ပတ်သက်၍ မှာကြားသည်။


သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် နေပြည်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၃၆) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဩဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ရက်သတ္တပတ် (၂) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment