Pages

Pages

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ပြည်နယ်၊ မြို့နယ်၊ မြို့စည်ပင်သာယာရေးအဖွဲ့များနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လျာထား ဆောင်ရွက်မည့် စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - သြဂုတ်  ၉


ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကွပ်ကဲမှုအောက်ရှိ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်၊ မြို့စည်ပင် သာယာရေးအဖွဲ့များ၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် လျာထားဆောင်ရွက်မည့် စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်၊ မြို့နယ်၊ မြို့စည်ပင် သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ် သည်။


လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က စည်ပင်သာယာရေး အဖွဲ့များသည် မြို့ပြများ ဖွံ့ဖြိုးသာယာလှပရေးအတွက် ပြည်သူအကျိုးပြုလုပ်ငန်း လုပ်ငန်းများကို ဖြည့်ဆည်း ဆောင်ရွက်ပေးရသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် မြို့နယ်အလိုက် လုပ်ဆောင်ပေးရမည့် လမ်း၊ တံတား၊ ရေပေးရေးနှင့် အခြားတည်ဆောက်ရေးလုပ်ငန်း လိုအပ်ချက် များကို ပြည့်စုံစွာ အချိန်မီတင်ပြတောင်းခံကြရေး၊ လုပ်ငန်းသုံး မရှိမဖြစ် လိုအပ်သည့် ယာဉ်၊ စက်၊ ယန္တရားတွေကိုလည်း မြို့၏ လိုအပ်ချက်နှင့်အညီ လုံလောက်မှု ဖြစ်စေရေးနှင့် ဝန်ထမ်းများအတွက် လုံခြုံစွာနေထိုင်နိုင်ရေး ဝန်ထမ်းအိမ်ရာများကိုလည်း ထည့်သွင်းဆောင်ရွက် ပေးနိုင်ရေး၊ ၂၀၂၂-၂၀၂၃ ဖြည့်စွက်ရန်ပုံငွေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် မြို့အလိုက် မဖြစ်မနေ အရေးပေါ်ဆောင်ရွက်ပေးရန် လိုအပ်သည့် လုပ်ငန်းများကို မြို့မိမြို့ဖများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်း များနှင့် တိုင်ပင်ညှိနှိုင်းပြီး သတ်မှတ်မူဘောင် ညွှန်ကြားချက်များနှင့်အညီ တင်ပြတောင်းခံနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်နှင့် မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက မြို့များအလိုက် အခွန်ငွေကောက်ခံရရှိမှုအခြေအနေများ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ၊ ဒေသန္တရ စီမံကိန်းပါ ဥပဒေပြုပြီး လုပ်ငန်းစာရင်းနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် တင်ပြဆောင်ရွက်လိုသည့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်စည်ပင်သာယာရေး အဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းရေးဆွဲဆောင်ရွက်မည့်လုပ်ငန်း များကို အသီးသီးတင်ပြကြရာ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်လင်းက မြို့နယ်များအလိုက် တင်ပြမှုများအပေါ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဝယ်ယူလိုသည့် ယာဉ်/ ယန္တရားလိုအပ်ချက်များ၊ ဝန်ထမ်းအိမ်ရာ လိုအပ်ချက်နှင့် တင်ပြတောင်းခံ သွားမည့် ရန်ပုံငွေလုပ်ချက်များကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။


ယင်းနောက် တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက မြို့ပြများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေတင်ပြ တောင်းခံရာတွင် အမှန်တကယ် ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်စေရေးနှင့် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment