Pages

Pages

နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများအား စတင်ထုတ်ပေး



MNP - ဩဂုတ်  ၂၃


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် (၈)နာရီအချိန်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။


နမ္မတူမြို့နယ်တွင် ပင်စင်စားအငြိမ်းစားနိုင်ငံ့ဝန်ထမ်း စုစုပေါင်း (၃၆၉)ဦးရှိပြီး မြန်မာ့စီးပွားရေး ဘဏ်မှ လစဉ်(၂၁)ရက်နေ့မှ လကုန်ရက်အထိ ရုံးဖွင့်ရက်တိုင်း ပင်စင်လစာများပုံမှန်ထုတ်ပေးလျက် ရှိကြောင်း အကြောင်းအမျိုးမျိုးမျိုးကြောင့် ပင်စင်လစာလာရောက်မထုတ်ယူနိုင်သည့် ပင်စင်စား နိုင်ငံ့ဝန်ထမ်းများအား  နောက်လ လဆန်းပိုင်းမှစ၍  ရုံးဖွင့်ရက်တိုင်း ပင်စင်လစာများ ထုတ်ယူခွင့်ပြုကြောင်း နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဒေါ်နေခြည်စိုးထံက သိရသည်။


သတင်း - လူမော်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment