အုတ်ဖိုမြို့နယ်တွင် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရရက်သတ္တပတ် လှုပ်ရှားမှု ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်ဖိုမြို့နယ်တွင် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရရက်သတ္တပတ် လှုပ်ရှားမှု ဆောင်ရွက်



MNP - သြဂုတ်  ၁၈


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ယမန်နေ့က ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။


 အခမ်းအနားတွင် မြို့နယ်ကုသရေးဦးစီးဌာနမှ သွားကျန်းမာရေးဆရာဝန် ဒေါက်တာပြည်မိုးအောင် က ရင်သွေးငယ်များ အာဟာရဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေရေးအတွက် ယခုဩဂုတ်လအတွင်း အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်နေပါကြောင်းနှင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာပေးဟောပြောပြီး အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သက်သက်အေးမှ ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေးနှင့် ပတ်သက်သော ဆောင်ရန်ရှောင်ရန် အချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ဒေါက်တာပြည်မိုးအောင်နှင့် တာဝန်ရှိသူများက အခမ်းအနား တက်ရောက်လာကြသော မိခင်လောင်းနှင့် မိခင်များအား ကြက်ဥနှင့် အိုင်အိုဒင်းဆားများ ထောက်ပံ့ကာ အာဟာရဖြစ်စေမည့် အစားအစာများ ကျွေးမွေးပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)