Pages

Pages

မိုင်းပျဉ်းမြို့တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ကျင်းပ



MNP - သြဂုတ်   ၂၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏၂၀၂၂ −၂၀၂၃ ပညာသင်နှစ် မိုးရာသီဘောလုံး အားကစားပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကွင်းလယ်ဒိုင်လူကြီးနှင့် စည်းကြပ်ဒိုင်များ၊ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမား များက ကစားကွင်းအတွင်းနေရာယူကြကာ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံအား အလေး ပြုခြင်း၊ အားကစားသစ္စာအဓိဌာန်(၄)ချက်ကို သံပြိုင်ရွတ်ဆိုခြင်းများကို ဆောင်ရွက်ကြပါသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်နန်းဟွမ်နွမ်းက အဖွင့်အမှာစကားပြောကြားပြီး၊ အခြေခံ ပညာအထက် တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က မိုးရာသီအား ကစားပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပါသည်။


ယင်းနောက်  ပါဝင်ယှဉ်ပြိုင်ရမည့် အနော်ရထာအသင်းနှင့် ဘုရင့်နောင် အသင်းတို့အား ကျောင်းသူလေးများက ပန်းစည်းများပေးကမ်းကြပြီး ဘောလုံးအားကစားပွဲကို စတင်ကစားကြပါသည်။ အဆိုပါ မိုးရာသီအားကစားဘောလုံးပြိုင်ပွဲတွင် ကျောင်းသားဘောလုံး အားကစားသမားအသင်း (၁၀)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ ဘောလုံးပြိုင်ပွဲအား ၂၆−၈−၂၀၂၂ရက်နေ့မှ ၃၁−၈−၂၀၂၂ ရက်နေ့ အထိ (၆) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။


သတင်း - နန်းသန္တာဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment