Pages

Pages

သနပ်ပင်မြို့နယ် အောက်စုသဘာဝ ရေပြင်အတွင်းသို့ ငါးအကောင်ရေ (၃.၈) သိန်းငါးမျိုး စိုက်ထည့်


MNP - ဩဂုတ်   ၃၀


ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းစီးဌာန၏ ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ  ငါးသယံဇာပေါကြွယ်ဝရေး၊  ငါးစားသုံးမှု ရေရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးမျိုးစိူက်ထည့်ခြင်းကို ယနေ့ နံနက်ပိုင်းက အောက်စုသဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့  ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်၊ မြို့နယ်အ‌ထွေထွေအုပ်ချုပ်းဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချူပ်ရေးမှူး ဦးမျိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊  မြို့နယ်ငါးစိုက်ထည့်ခြင်း ကြီးကြပ်မှုကော်မတီရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းမြင့်အေးနှင့် ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်နောင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း၊ နှင့်ဝန်ထမ်းများ၊ ငါးစခန်းတာဝန်ခံ  ဒေါ်စန်းစန်းဦးနှင့် ဝန်ထမ်းများ၊ တက်ရောက်၍ နှစ်လက်မအရွယ် ငါးမြစ်ချင်းအကောင်ရေ (၂.၃)သိန်း၊ ငါးခုံးမကြီးအကောင်ရေ၊ (၁.၅)သိန်း၊   စုစုပေါင်းငါး‌သားပေါက် အကောင်ရေ (၃.၈)သိန်း    အောက်စုသဘာဝရေပြင်အတွင်း ငါးမျိုးစိူက်ထည့်ခဲ့ခြင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


သတင်း - လှမိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment