MNP - သြဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၉၈)စက်မှုလယ်ယာစခန်း၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီ က သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စက်မှုလယ်ယာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းလွင်ဦး က သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး၊၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဆန်းနိုင် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စက်ကိရိယာမောင်းနှင်ထိန်းမှုများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သင်တန်းသို့ ခရိုင်စက်မှုလယ်ယာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းလွင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်ကျေးရွာများမှ သင်တန်းသား (၃၀)ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းသို့တက်ရောက်လာသော သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများကို ဌာနဆိုင်ရာတာဝန်ရှိသူအသီးသီးက ပေးအပ်ခဲ့ပြီး သင်တန်းကာလမှာ သြဂုတ် ၈ ရက်နေ့မှ သြဂုတ်၁၉ရက်နေ့ထိ ၁၂ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
သတင်း - ခင်ခင်မာ
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment