ကြူကုတ်-ဝမ်တိန်တံတား ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းအပေါ် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြူကုတ်-ဝမ်တိန်တံတား ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းအပေါ် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းဆွေးနွေး




MNP - ဩဂုတ်  ၁၀


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ နှစ်နိုင်ငံနယ်စပ် ကြူကုတ်-ဝမ်တိန်တံတား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို (၂၅.၇.၂၀၂၂) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ အဆင်ပြေချော့မွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မူဆယ်မြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးကျော်ကျော်မိုး၊ ပန်ဆိုင်း(ကြူကုတ်)မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်နှင့် ဌာနဆိုင်ရာများ၊ ယူနန်ပြည်နယ်ခွဲ၊ ရွှေလီပြည်ပရေးရာဌာန၊ဒု-ပြည်ပရေးရာဌာနမှူး ဒေါ်ဖြူဖြူဝင်း ဦးဆောင်သည့်အဖွဲ့တို့သည် ယနေ့နံနက်(၈:၃၀) အချိန်က နှစ်နိုင်ငံနယ်စပ် ကြူကုတ်-ဝမ်တိန်တံတားမြန်မာဘက်အခြမ်း၌ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ  တံတားပြုပြင်ခြင်းအား  တစ်ဖက်နိုင်ငံမှ  လုပ်ငန်းဆောင်ရွက်ရာတွင်  လုပ်ငန်းခွင်အား ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မသက်ဆိုင်သူများ  ဝင်ရောက်မှုမရှိစေရေးအတွက် မြန်မာဘက်ခြမ်း  တံတားထိပ်ပြင်ပ  ယခင်ကာရံထားသည့်  (၃)  မီတာမှ  ယခုထပ်မံ၍  (၉)  မီတာခန့်နောက်ဆုတ်ကာ  ဘရိတ်ဓားသံဆူးကြိုးဖြင့်  ယာယီခြံစည်းရိုးထားရှိခြင်း တရုတ်နိုင်ငံဘက်တံတားညာဘက်ခြမ်း ကပ်ခုံတစ်လျှောက်နှင့် မြန်မာနိုင်ငံဘက်ခြမ်း တံတားကပ်ခုံတစ်လျှောက် မီတာ(၅၀)စီအတွင်း ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်း၊ ထိုသို့ပြုလုပ်ရာတွင် မလွတ်ကင်းသည့် သစ်ပင်ကြီးတစ်ပင်အား ခုတ်ထွင်းရှင်းလင်းရန် လိုအပ်ကြောင်းစသည်တို့ကို ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်းသိရသည်။


သတင်း - ပန်ဆိုင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)