Pages

Pages

မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးကြိုးထိမှန်မှုကြောင့် သေဆုံးသူအတွက် ကယ်ဆယ်ရေး ထောက်ပံ့ငွေပေးအပ်



MNP - ဩဂုတ်   ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လှိုင်းဘုန်းကျေးရွာအုပ်စု၊ လိပ်ချောင်းကျေးရွာ၌ ဩဂုတ်လ ၂၅ ရက်နေ့ကဖြစ်ပွားခဲ့သော  မိုးရွာသွန်းပြီး မိုးကြိုးထိမှန်မှုကြောင့် သေဆုံးသူ  (၁) ဦးအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေပေးအပ်ခြင်းလုပ်ငန်းကို ယနေ့ နေ့လယ် (၁) နာရီအချိန်က ဘေးသင့်ပြည်သူ မိသားစုလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်သည်။


အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက သေဆုံးသူ (၁) ဦးအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေ (၃၀၀၀၀ဝ) ကျပ်တိတိအားကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေး စာရေးတို့နှင့်အတူ သေဆုံးသူ၏ မိသားစုဝင်များထံသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - အောင်အောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment