Pages

Pages

ကလောမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ



MNP - ဩဂုတ်   ၂၅


ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးဆောင်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အင်းပြင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အားကစားနှင့်လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ကျော့ကေခိုင်ထွန်း က အားကစားနှင့် လူငယ်ရေးရာအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး အားကစားဆိုင်ရာ ဗဟုသုတရရှိစေရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား အမေးအဖြေများမေး၍ ပြန်လည်ဖြေကြားသူများကို အမှတ်တရ အင်္ကျီလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်အားကစားမှူးက အင်းပြင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့ပြီးကျောင်းသား၊ကျောင်းသူများအား ကိုယ်လက်လှုပ်ရှား အားကစားနှင့် စုပေါင်းလေ့ကျင့်ခန်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ကျော်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment