Pages

Pages

ရေတာရှည်မြို့နယ် အ-ထ-က (ရွှေကြက်ယက်) ကျောင်း၌ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ



MNP - သြဂုတ်   ၁၉


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အ-ထ-က (ရွှေကြက်ယက်)ကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌဒေါ်ငုဝါကျော်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသန်းစိုးအောင်မှ  မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပြီး တောင်သူခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်မှ စားသုံးသူ အခွင့်အရေးဆိုင်ရာများကိုလည်းကောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဌာန၊ ဦးစီးအရာရှိ ဒေါ်အေးဆုစံမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ များကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။


ထို့နောက် ကျောင်းသားကျောင်းသူများက အသိပညာပေး နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြပြီး အခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ ကျောင်းသူ/ကျောင်းသား (၁၂ဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment