Pages

Pages

တာချီလိတ်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုဖြစ်ပေါ်မှုအား တာဝန်ရှိသူများမှ ကူညီဆောင်ရွက်

 




MNP - ဩဂုတ်   ၈


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌  ၂၀၂၂ခုနှစ်၊  ယမန်နေ့ညနေပိုင်းနှင့် ယနေ့နံနက်ပိုင်းအကူးတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေကြောင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်နှင့် မြေနိမ့်ရပ်ကွက်အချို့တွင် ယနေ့နံနက်အစောပိုင်းမှစ၍ ယနေ့နံနက် ၁၁ နာရီခန့်အထိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


ထို့ပြင် ပုန်းထွန်ရပ်ကွက်၊ လွယ်တော်ခမ်းကျေးရွာ ပူးပေါင်းစစ်ဆေဆးရေးဂိတ်အနီး လမ်းဘေးဝဲယာရှိ မြေသားများမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူသွားလမ်းပေါ်သို့ ပြိုကျလာကာ သွားလာရခက်ခဲလျက်ရှိကြောင်း သိရသဖြင့်   စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း ဦးဆောင်သော တပ်မတော်သားများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်ဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ စက်ယန္တရားများအကူအညီဖြင့် အချိန်မီသွားရောက် ဖယ်ရှားပေးခဲ့သဖြင့် ပြန်လည်သွားလာနိုင်လာနိုင်ပြီးဖြစ်ကြောင်း သိရသည်။


တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ရေကြီးရေလျှံဖြစ်လာသည့်အခါ အရေးပေါ် ရွှေ့ပြောင်းကယ်ဆယ်နိုင်ရေးအတွက် အသက်ကယ် လှေများ၊ ပစ္စည်းများ ရွှေ့ပြောင်းရန်အတွက် ပရဟိတအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ အရန်သင့်စောင့်ဆိုင်း လျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment