Pages

Pages

သံတောင်ကြီးမြို့နယ် ထမုံကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခြင်းဆောင်ရွက်



MNP - ဩဂုတ်   ၃၀


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံကိန်းကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ဆဋ္ဌမအကြိမ် မြစိမ်းရောင်ရန်ပုံ‌ငွေ ပြန်လည်ထုတ်ချေးခြင်းကို ထမုံကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ ချေးငွေများ ပြန်လည်ထုတ်‌ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များအချင်းချင်း စည်းလုံးညီညွှတ်စွာဖြင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်အောင်မြင်အောင် ဆောင်ရွက်ကြရန်၊  စာရင်းဇယားများ ပြည့်စုံအောင် ဖြည့်သွင်းထားရန်၊ အသင်းသားများကလည်း  ချေးငွေဖြင့် လုပ်ငန်းများ အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်း အရင်းနှင့်အတိုးများ ပြန်လည်ပေးဆပ်ကြရန် ပြောကြားခဲ့ပြီး မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အသင်းသားများအား ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။


အဆိုပါ မြစိမ်းရောင်ရန်ပုံငွေဖြင့် ထမုံကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေးလုပ် ငန်းလုပ်ကိုင်သူ  အသင်းသား (၉၀) ဦးတို့အတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် (၄၃၈) သိန်းအား ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


သတင်း - နော်နော်မူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment