Pages

Pages

တံတားဦးမြို့နယ်တွင် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ ရာသီးမရွေး တစ်နိုင်တစ်ပိုင်စိုက်ပျိုး



MNP - ဩဂုတ်  ၂၉


ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ ရာသီမရွေး တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြကြောင်းသိရသည်။


ကျွန်တော်တို့ ငယ်ဘာဝကတော့ နွေရာသီဆို သဘာဝရဲ့အစိုဓာတ်ဖြင့်  မီးချောင်သုံး ချဉ်ပေါင်ပင်၊ သခွားပင်၊ ခဝဲပင်၊ ရွှေဖရုံပင် စတဲ့ အသီးအနှံတွေစိုက်ကြတာပေါ့ဗျာ၊ အခုတော့ ခေတ်မီနည်းပညာများ တိုးတက်လာတဲ့အခါမှာ (၅/၆)မီးစက်တွေ၊ တစ်ချို့က ဒိုင်းရှင်း (လက်စွဲမီးစက်တွေ)နဲ့ ရာသီမရွေးမြေ အောက်ရေသွင်းခြင်းဖြင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါတယ်၊ ခုဆို ရွှေဖရုံသီး၊ ဖရဲသီးစိုက်ပျိုးထားပါတယ်၊ ဖရုံစိုက်မယ်ဆိုရင် လေးပေပတ်လည်  လေးကွက်ကြားထယ်ထိုး သဘာဝမြေဩဇာ နွားချေးဖုံးရတယ်၊ ရွှေဖရုံကို အညွန့်ရော အသီးပါ စားသုံးလို့ရပါတယ်၊ ဖရဲကျတော အသီးအဖြစ် မီးဖိုချာင်တွင် ဖရဲချဉ်၊ ဖရဲသီးပြုတ်၊ ဖရဲချဉ်ဟင်းရေတို့အဖြစ် ချက်ပြုတ်စား သောက်ရပါတယ်ဟု တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့် တံတားဦးမြို့နယ် တောင်သူ ဦးဇော်ဝမ်း ထံမှသိရသည်။


မီးချောင်သုံး ဟင်းသီးရွက်များ ရာသီမရွေး စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိသည့်အတွက် တောင်သူများအနေဖြင့် စိုက်ပျိုးသင့်ကြောင်းလည်း သိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment