Pages

Pages

ဟင်္သာတမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း သိကောင်းစရာ ဟောပြောပွဲ ကျင်းပပြုလုပ်

 



MNP - သြဂုတ်   ၁၀


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်း သိကောင်းစရာ ဟောပြောပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အမှတ် ၅ အခြေခံပညာအထက်တန်း ကျောင်း အမျိုးသားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင်  ကျောင်းအုပ်ဆရာကြီး ဦးခင်ဌေးက အဖွင့်အမှာ စကားပြောကြားရာတွင် မိမိတို့ကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ ကင်းဝေးစေရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျနားလည် သိရှိ လိုက်နာကြရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် အမှတ်(၈၄) ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး သက်နိုင်ဦးနှင့် ဟင်္သာတခရိုင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးမှ စစ်ဆေးရေးမှူး ဦးကျော်ဇေယျာထွန်းတို့က ယာဉ်စည်း ကမ်းလမ်းစည်းကမ်းများနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ လမ်းလျှောက် သူများလိုက်နာရန် စည်းကမ်းများကိုလည်းကောင်း၊ မော်တော်ဆိုင်ကယ် စီနင်းရာတွင် လိုက်နာရမည့် သိကောင်းစရာ အချက်များကို အကျယ်တဝံ့  အသိပညာပေးဆွေးနွေး ဟောပြောခဲ့ ကြောင်း သိရသည်။


အဆိုပါ အသိပညာပေး အခမ်းအနားသို့  ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်း အကျိုးတော်ဆောင်များ၊ အထက်တန်းဆင့်၊ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း  ၈၃၀ ဦးက စိတ်ပါဝင်စားစွာ တက်ရောက် နားထောင်ခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment