ရွှေတောင်စု ခေတ်မီစံပြ‌ကျေးရွာ၌ အခြေခံလျှပ်စစ် သွယ်တန်းမှုနည်းပညာ သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်စု ခေတ်မီစံပြ‌ကျေးရွာ၌ အခြေခံလျှပ်စစ် သွယ်တန်းမှုနည်းပညာ သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲပြုလုပ်



MNP - ဩဂုတ်  ၁၈


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု၊ ရွှေတောင်စု ခေတ်မီစံပြကျေးရွာတွင် ယနေ့နံနက်ပိုင်းက သမဝါယမနှင့်‌ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဟင်္သာတခရိုင် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတခရိုင် အစိုးရနည်းပညာ အထက်တန်းကျောင်းမှ‌ ကျောင်းအုပ်ကြီး ဦးမင်းမင်းဦးက သင်တန်းနှင့် ပတ်သက်သည်များ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇေမင်းမင်းက အသစ်ထပ်မံရရှိသည့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း စီမံကိန်း လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။


အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်၊ ဟင်္သာတခရိုင် အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းမင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလ တစ်လကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား(၃၀)ဦး တက်ရောက်ကြောင်းသိရသည်။


သတင်း - မန်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)