MNP - ဩဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသစ် ပန္နက်တင်အခမ်းအနားကို ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်က ညောင်တုန်းမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးသစ်မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးနေမျိုး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ယူ ဆောက်လုပ်မည့်ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲခွဲရုံးသစ် မြေနေရာတွင် မင်္ဂလာအချိန်အခါ၌ ပန္နက်တင်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသစ်မှာ ပေ (၆၀၊ ၄၀)၊ RC (၁)ထပ်အဆောက်အဦဖြစ်ပြီး မာန်ဘုန်းပိုင်ကုမ္ပဏီက တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး မှ သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment