Pages

Pages

ဂွမြို့တွင် ကျန်းမာရေး စစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ




MNP ၊ သြဂုတ်  ၃၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အဆင့်ကျန်းမာရေး စစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက အထက(ဂွမြို့) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူးရုံးမှ ဒုပညာရေးမှူး ဦးဇော်မင်းသိန်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာအေးတို့က သင်တန်းပို့ချခဲ့ကြပြီး သင်တန်းကာလမှာ (၁)ရက်ဖြစ်ကြောင်းနှင့် ဆရာ၊ ဆရာမ(၁၄၁)ဦးတို့တက်ရောက်ခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment