Pages

Pages

ဒိုက်ဦးမြို့နယ်၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ



MNP - သြဂုတ်  ၁၀


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သုံးခွကျေးရွာဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက် ၁၁ နာရီအချိန်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦး က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးစိုးသန်း၊ စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်သိန်းနိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးရဲနိုင်နှင့် ကျေးလက်လမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်နွယ်နီထွန်းတို့က မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တောင်သူကြီးများ၏ သိလိုသည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment