Pages

Pages

ကျိုက်ထိုမြို့နယ် အထက ကျူချောင်ပညာဒါန(၂)ထပ်ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲ ကျင်းပ





MNP ၊ ဩဂုတ် ၂၄

ကျိုက်ထိုမြို့နယ်၊ကျူချောင်ကျေးရွာအုပ်စု၊ ကျူချောင်ကျေးရွာ၊ အထက ကျောင်းတွင်  ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင် ဆရာတော် ဗဟုဇနဟိတဓရ  အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ  ဘဒ္ဒန္တ ကဝိဓဇမှ  ဆောက်လုပ် လှူဒါန်း သည့်  အလျား (၂၄၀)ပေ၊ အနံ (၄၀)ပေရှိ “ပညာဒါန” (၂)ထပ်ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲအခမ်း အနားကို ဩဂုတ်(၂၄)ရက် နံနက်(၉)နာရီ ၌ ကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင် ဆရာတော် ဗဟုဇန ဟိတဓရ  အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ  ဘဒ္ဒန္တ ကဝိဓဇ ထံမှ  ငါးပါးသီလ ခံယူ ဆောက်တည်ခြင်း၊ ဆရာတော်ကြီးနှင့် သံဃာတော်များမှ  မေတ္တာသုတ် ပရိတ်တော်များ ရွတ်ဖတ် ပူဇော် ပေးခြင်း၊ ကျောင်းဆောင်သစ်အား    ဆရာတော်မှ ခရိုင်ပညာရေးမှူး ဦးခဲမိုင်းထံသို့  စာရွက်စာတမ်း၊ မှတ်တမ်းများနှင့်အား  လွှဲပြောင်းပေးအပ်ရာခရိုင်ပညာရေးမှူးမှ အ‌ခြေခံပညာထက်တန်းကျောင် း(ကျူချောင်) ကျောင်းကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဦးထံ ပြန်လည်လွဲပြောင်းပေးအပ်၍ အထက(ကျူချောင်) ကျောင်းအုပ် ဆရာမကြီးမှ ဆရာတော်ကြီးထံ  ကျေးဇူးတင်မှတ်တမ်းဂုဏ်ပြုလွှာအား ဆက်ကပ်ပူဇော်၍ ခရိုင် ပညာရေးမှူး  ဦးခဲမိုင်းနှင့် အထက (ကျူချောင်) ကျောင်းအုပ်ဆရာမကြီးတို့မှ ကျေးဇူးတင် စကား ပြောကြားခဲ့ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်မှ အထက (ကျူချောင်) ကျောင်းသား/သူများ အတွက်  ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော အားကစားသုံး ပစ္စည်းများ ပေးအပ်ကာ ပြည်နယ်သံယံဇာတဝန်ကြီး ဦးအောင်ကြည်သိန်းမှ ကျောင်းသား/သူများအတွက် ပြည်နယ် အစိုးရအဖွဲ့မှ Covid-19 ရောဂါ ကာကွယ်ရေးအတွက် Mask၊ လက်သန့်ဆေးရည်နှင့် ဆပ်ပြာများအားပေးအပ်အားလည်းကောင်းပေးအပ်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း နှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်အဆင့် အရာရှိကြီးများမှ ဆရာတော်များထံ    လှူဘွယ်ပစ္စည်းနှင့်  ဝတ္ထုငွေများ၊  ဆက်ကပ်လှူဒါန်းခဲ့ ပြီး  အခမ်းအနားကို  မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များမှ  “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ် ရွတ်ဆို၍  “ပညာဒါန” (၂)ထပ် ကျောင်းဆောင် သစ် ပေးအပ်လှူဒါန်းပွဲအခမ်းအနားကိုရုတ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရ အဖွဲ့  ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး  ရဲမှူးကြီး မျိုးဆွေ၊ သံယံဇာတဝန်ကြီး ဦးအောင်ကြည်သိန်း၊ ကျိုက်ထိုခရိုင် ဥက္ကဌ  ဦးကျော်နိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးခဲမိုင်း၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/ သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ကျောင်း အကျိုးတော်ဆောင်များ၊  ရပ်မိရပ်ဖများ၊ တက်ရောက်ခဲ့ ကြောင်းသိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment