ဧက ၁၀၀ တင်း ၁၀၀ အထက်ထွက်ရှိရေး စံပြတောင်သူများနှင့် တောင်သူများအား ဓာတ်မြေသြဇာထောက်ပံ့ ပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧက ၁၀၀ တင်း ၁၀၀ အထက်ထွက်ရှိရေး စံပြတောင်သူများနှင့် တောင်သူများအား ဓာတ်မြေသြဇာထောက်ပံ့ ပေးအပ်ပွဲကျင်းပ

 


MNP - ဩဂုတ်   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တရုတ်တန်းရပ်ကွက်ရှိ ဓာတ်မြေဩဇာထားရှိသည့် ဂိုထောင်တွင် တောင်သူများအား ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲကို ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မား‌စေရေး‌ အတွင်းရေးမှုးနှင့်အဖွဲ့များ၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မား‌စေရေး‌ဥက္ကဋ္ဌနှင့် အဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှုများ တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ တောင်သူများအား ယခုနှစ်မိုးစပါးရာသီတွင် စပါးအထွက်တိုးကောင်းမွန်စေရန် စိုက်ပျိုးရေးနည်းပညာများကို တောင်သူဦးကြီးများထံ ဝေမျှကာ စပါးအထွက်တိုးအောင် နည်းမှန်၊ လမ်းမှန် စိုက်ပျိုးနိုင်‌စေရေးနှင့် မြေဆီလွှာများမပျက်စီးအောင် ထိန်းသိမ်ကာကွယ်ရန် နည်းလမ်းများကို အသိပညာပေးဆွေးနွေးခဲ့ပြီး မိုးစပါး ဧက ၁၀၀ တင်း ၁၀၀ အထက်ထွက်ရှိရေး စံပြတောင်သူများနှင့် တောင်သူများအား ဓာတ်မြေဩဇာအိတ်များ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။


သတင်း - ဟိန်းထက်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)