Pages

Pages

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး



MNP - ဩဂုတ်   ၂၇


ရန်ကုန်တိုင်းဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် သန့်ရှင်းသာယာ လှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  (၅၀)ရပ်ကွက်၊ အမှတ် (၅) အခြေခံပညာမူလတန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ စု‌ပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စုပေါင်း၍ ကျောင်းဝင်းအတွင်း သန့်ရှင်းလှပ စေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေးအတွက် ကျောင်းရှိ ရေသိုလှောင်ရာ အုတ်စည်အုတ်ကန်များအတွင်း အဘိတ်ဆေးခတ်ပေးခြင်း၊ အမှိုက်သရိုက်များ၊ သစ်ပင်ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထစ် ရှင်းလင်းပေးခြင်း၊ ပေါင်းမြက်များအား   ရှင်းလင်းပေးခြင်း၊ ခြင်ခိုအောင်းနိုင်သော နေရာများအား ရှင်းလင်းပေးခြင်း၊ အမှိုက်များ သယ်ယူစွန့်ပစ်ပေးခြင်း၊ ရေမြောင်းများ ဆယ်ပေးခြင်းစသည့် သန့်ရှင်းရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။


သတင်း - မြင့်မြင့်ရီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment