Pages

Pages

မိုင်းဆတ်မြို့၌ ဟိုနားကျေးရွာရှိ ကွန်ကရစ်တံတားပျက်စီးခြင်းကြောင့် ယာယီသွားလာနိုင်ရေး ဝါးတံတားဆောင်ရွက်ပြီးစီး

 



MNP - ဩဂုတ်   ၂၈


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဩဂုတ်လ (၂၆) ရက်နေ့ညက မိုးသည်းထန်စွာရွာသွန်းပြီး ဩဂုတ်လ(၂၇)ရက်နေ့က မိုင်းဆတ်-မိုင်းခုတ်သွားကားလမ်း ဟိုနားကျေးရွာရှိ နမ့်ခမ်းချောင်းကူး ကွန်ကရစ် တံတားပြိုကျပျက်စီးခဲ့ခြင်းဖြစ်သည်။


အဆိုပါ နမ့်ခမ်းချောင်းကူး ကွန်ကရစ်တံတားသည် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေ တိုက်စားခြင်းကြောင့် ကွန်ကရစ်တံတားပျက်စီး မိုင်းခုတ်ဘက်အခြမ်း ကမ်းကပ်ခုံပျက်စီး၍ တံတား ကျိုးကျခဲ့ခြင်းဖြစ်ရာ ယာယီဘေလီ တံတားသံဘောင်များ မရောက်မီကာလအတွင်း ဒေသခံပြည်သူ များနှင့် မော်တော်ဆိုင်ကယ်များ သွားလာမှုအဆင်ပြေ ချောမွေ့စေရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့တို့က ယာယီဝါးတံတား တည်ဆောက်ပေးခဲ့ပြီး ဝါးတံတားတည်ဆောက်ပြီးဖြစ်၍ ဒေသခံပြည်သူများ အဆင်ပြေစွာသွားလာနိုင်ပြ ဖြစ်ကြောင်း သိရသည်။


သတင်း - မြင့်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment