Pages

Pages

ပန်ဝါမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင် ပြပွဲကျင်းပ



MNP - သြဂုတ် ၂၅


ကချင်ပြည်နယ်၊ ပန်ဝါမြို့ အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျောင်းသား/သူ လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပခဲ့သည်။


ရှေးဦးစွာ ပန်ဝါမြို့အ‌ထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပန်ဝါမြို့နယ်‌မြေရဲစခန်းမှူး ရဲအုပ်ထွန်းမင်းအောင်က လူကုန်ကူးမှုနှင့် ပတ်သက်သည့် လုပ်ငန်းတာဝန်များ၊ လူကုန်ကူးမှုတွင် ပါဝင်သည့်အချက်များ၊ လူကုန်ကူးမှုမြောက်သည့် အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။


အဆိုပါ အခမ်းအနားနှင့်အတူ ပန်ဝါမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်ပေးခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/မများနှင့် ကျောင်းသား/သူ စုစုပေါင်း(၁၈၀)ဦးခန့်က စိတ်ဝင်တစား ကြည့်ရှုလေ့‌လာ ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment