အောင်လံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးမိသားစု ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်လံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးမိသားစု ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပ



MNP - ဩဂုတ်   ၂၂


မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးမိသားစု ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အားကစားကွင်းတွင် ယနေ့နံနက်က ၉နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပ လျက်ရှိကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ မြို့နယ်လက်ထောက်ပညာရေးမှူး ဦးသန်းဇော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တက်ရောက်ကြပြီး မြို့ပေါ် အထက ကျောင်း (၃)ကျောင်းနှင့် မြို့နယ်အတွင်းရှိ တိုက်နယ်ကျောင်း(၇)ကျောင်းတို့မှ ပြေး၊ ခုံ၊ ပစ် ပြိုင်ပွဲများကို မိမိကျောင်းအတွင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး ကျောင်းတွင်း ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့် ပြေး၊ ခုံ၊ ပစ်ပြိုင်ပွဲ ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများအား မွန်းလွဲပိုင်းတွင် ဒုတိယအစီအစဉ်အဖြစ် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူးထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)