Pages

Pages

စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးအာဟာရပညာပေး ဟောပြောပွဲ ကျင်းပ




MNP ၊ ဩဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာ သင်ကြားနေသော ကျောင်းသား ကျောင်းသူများအား အာဟာရပြည့်ဝသော အစားအသောက်များ စားသောက်သုံးစွဲတတ်စေရန်နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ကျောင်းကျန်းမာရေး အာဟာရပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ စဉ့်ကူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (မိခင်ကလေး ကျောင်းကျန်းမာအာဟာရ)မှ ဦးစီးအရာရှိ သူနာပြု ဒေါ်ယင်းမာသန်း က ကျောင်းသား ကျောင်းသူများအား အစာအဟာရ အုပ်စု ၃ စု အကြောင်းနှင့် ဆေးလိပ်နှင့်မူးယစ် ကင်းစင်ရေးအတွက် ဆေးလိပ်၏ဆိုးကျိုးများအကြောင်းကို  အသိပညာ ဗဟုသုတများ ရရှိစေရန် အသိပညာပေးဟောပြောပြီး ကျန်းမာရေးအာဟာရ ပြည့်ဝစေသည့် အစာအာဟာရအုပ်စုများဖြစ်သည့် အင်အားဖြစ်စေသော အစာအုပ်စုများ၊ ခန္ဓာကိုယ်ကြီးထွားဖွံဖြိုး စေသောအစာအုပ်စုများနှင့် ရောဂါကာကွယ်စေသောအစာအုပ်စုများတွင် ပါဝင်သည့် အသား၊ ငါး၊ ပဲ၊ နို့၊ သစ်သီး၊ အစေ့အဆံနှင့်  ဟင်းသီးဟင်းရွက်များကို ခင်းကျင်းပြသထားပြီး အစာအုပ်စုတစ်ခုချင်းစီ အလိုက် အသိပညာပေးရှင်းလင်း ပြောကြားပေးခဲ့သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အ.ထ.က(စဉ့်ကူး)မှ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမ များ စုစုပေါင်းအင်အား (၂၅၀)ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများအား အာဟာရ ဖြည့်စွက် အစားအစာဖြစ်သည့် သာကူကျိုများ တိုက်ကျွေးခဲ့သည်။


စဉ့်ကူးမြို့နယ်၌ ကျောင်းသားလူငယ်များ အာဟာရဖွံဖြိုးရေး ရက်သတ္တပတ် ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဩဂုတ်လ (၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများတွင် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment